မိသားစုဝင် ၇ ဦး မီးလောင်မှုတွင် အသက်ဆုံးရှုံးခဲ့ရ

ဒီဇင်ဘာလ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

ဝိုင်းမော်မြို့နယ် အင်ဂန်းကျေးရွာတွင် ယမန်နေ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် နေအိမ်တစ်လုံး မီးလောင်ပြီး မိသားစုဝင် ၇ ဦး အထိ သေဆုံးသွားခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်ကျွမ်းရခြင်းက နေအိမ်အောက်ထပ်တွင် ဝါယာရှော့ခ်ဖြစ်ပွားခဲ့တာကြောင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး သိုလှောင်ထားတဲ့ လောင်စာဆီများထံ ကူးစက်သွားခြင်းက မီးလောင်မှုကို အားပြင်းစေခဲ့တာဖြစ်ကြောင်း သိရပါတယ်။

မိသားစုဝင်များဖြစ်တဲ့ အသက် ၇၀ နှစ်အရွယ် အင်ဂန်းခါး နဲ့ အသက် ၂ နှစ်ကနေ ၁၁ နှစ် ကြားရှိတဲ့ ကလေး ၆ ဦးတို မီးလောင်မှုတွေ သေဆုံးသွားခဲ့ရကာ အဖိုးတန်ပစ္စည်းများနဲ့ နေအိမ်အားလုံးနီးပါ ဆုံးရှုံးခဲ့ရပါတယ်။

ဖခင်ဖြစ်သူ စိုက်ပျိုးခြံထဲ သွားရောက်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အင်ဂန်းကျေးရွာတွင် နေအိမ်တစ်ခုနဲ့ တစ်ခုအလှမ်းဝေးခြင်းကြောင့် နဘေးအိမ်များ ထိခိုက်ခဲ့ခြင်းတော့ မရှိခဲ့ကြောင်း သိရပါတယ်။

အင်ဂန်းကျေးရွာတွင် အိမ်ထောင်စု ၁၀၀၀ ကျော်ရှိကာ လူဦးရေ ၇၀၀၀ ကျော် နေထိုင်ပြီး ဒေသခံအများစုကတော့ တောင်ယာခုတ်ခြင်း စိုက်ပျိုးခြံလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်ကြသူများဖြစ်ပါတယ်။

Leave a Reply

*