မြစ်ကြီးနားစီတာပူရပ်ကွက် မနောကွင်းထဲတွင် စစ်ဘေးရှောင်စခန်းများရှိ မသန်စွမ်းများကိုယ်တိုင် ရိုက်ကူးထားသောဓါတ်ပုံများ ပြသခြင်းအခမ်းအနားကို ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၂၃ ရက်နေ့အထိ တစ်လတိတိ ပြသသွားမည်ဖြစ်ကြောင်းသိရပါတယ်။
ဒီဓါတ်ပုံပြပွဲကို PhotoDrop Yangon အဖွဲ့မှဦးဆောင်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်သော မသန်စွမ်းများနေ့ကိုရည်ရွယ်ပြီး မသန်စွမ်းသူများကိုယ်တိုင် တွေ့ကြုံခံစားရသောဒုက္ခများနှင့် သူတို့ရဲ့ လုပ်ငန်းဆောင်တာများကိုဖော်ပြခြင်းဖြစ်ကြောင်းသိရပါတယ်။
“မြစ်ကြီးနားမြို့မှာရှိတဲ့ စစ်ဘေးရှောင် မသန်စွမ်းများရဲ့ရိုက်ချက်တွေကိုပြသတဲ့ပွဲပါ။ စစ်ဘေးရှောင်စခန်းမှာ ကြုံတွေ့ရတဲ့ဒုက္ခတွေနဲ့သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို ပြည်သူတွေသိအောင် ပြသခြင်းဖြစ်ပါတယ်။ ဓါတ်ပုံရောင်းတာကိုတော့မလုပ်ပါဘူး” လို့ ဓါတ်ပုံပြပွဲတွင် ပါဝင်တဲ့ ဆရာမတစ်ယောက် ကပြောပါတယ်။
ဓါတ်ပုံပြပွဲတွင်လာရောက်ကြည့်ရှုပြီး မသန်စွမ်းများကိုလာရောက်အားပေးနိုင်ကြောင်း၊ သို့သော်လည်း ဓါတ်ပုံများ ရောင်းပေးမည်မဟုတ်ကြောင်း၊ မြစ်ကြီးနားမြို့တွင်ရှိသော စစ်ဘေးရှောင်စခန်းမှ မသန်စွမ်းများ၏ ဓာတ်ပုံပြပွဲမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး မသန်စွမ်းများအကြောင်း ပုံဖော်ထားသော ဓါတ်ပုံပြပွဲကို ဆက်လက်ပြီးပြသသွားဖို့ ရှိကြောင်းသိရပါတယ်။