ဆွတ်မွမ်းအောင်ကျေးရွာတွင် မသန်စွမ်းဂေဟာအသစ် ဆောက်လုပ်ဖို့ ကော်မတီ သုံးခုမှ တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်နေ့ကစပြီး မြေနေရာ ရှင်းလင်းခြင်းများကို အစပြုလုပ်ဆောင်နေကြောင်း သိရှိရပါတယ်။
လက်ရှိတည်ဆောက်သွားမည့် အဆောက်အဦးတွင် နေအိမ်တွင်းပြုစုစောင့်ရှောက်သူမရှိတဲ့ အမှုထမ်းတွေ၊ မိသားစုမရှိပဲ မသန်စွမ်းဖြစ်နေသူတွေကို အဓိကထားပြုစုစောင့်ရှောက်ပေးသွားမှာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဌာနချုပ် ရုံးလက်ထောက်အတွင်းရေးမှူး ဗိုလ်မှူး မဂျီဇော်ရိန်ကပြောပါတယ်။
ကချင်တော်လှန်းရေးအတွက် တိုက်ပွဲဝင် အသက်ရင်းပြီး ကြိုးစားအားထုတ်ရာတွင် ကိုယ်ခန္ဓာအစိတ်အပိုင်းတချို့ ထိခိုက်ခံခဲ့ရတဲ့ အမှုထမ်းများကို အစဉ်အမြဲသတိရနေကာ မသန်းစွမ်းဖြစ်ခဲ့ရသူများ နေထိုင်ရန်ခက်ခဲနေမှုကို ဖြေရှင်းပေးနိုင်ဖို့ ဂေဟာအသစ်ကို ဆောက်လုပ်ခြင်းဖြစ်ပါတယ်။