မန်ဝိန်းကြီးဒေသခံတစ်ဦး တရုတ်နိုင်ငံဘက်ခြမ်း အသတ်ခံရ

မန်ဝိန်းကြီးကျေးရွာသားတစ်ဦး တရုတ်နိုင်ငံဘက်တွင် အလုပ်လုပ်ဖို့ ခဏသွားရောက်စဉ်   အိမ်ပြန်လာခြင်းမရှိတာကြောင့် ဒေသခံများ ရှာဖွေမှုပြုလုပ်ရာမှာတော့ တရုတ်ဘက်ခြမ်း ရွှေလီချောင်းတွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

အသတ်ခံလိုက်ရတယ်လို့ ယူဆရတဲ့ မန်ဝိန်းကြီးဒေသခံ ဦးတန်ဆုက ငွေကြေးလဲလှယ်ခြင်းလုပ်ငန်းလုပ်ဆောင်နေတာဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်နေ့ ရွှေလီ၊ လွယ်ယိန်၊ ခမ်ပါဒေသဆီကို အလုပ်ကိစ္စဖြင့်သွားရောက်စဉ် ယခုလိုဖြစ်စဉ်ဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။

ဦးတန်ဆုသေဆုံးနေတဲ့နေရာတဝိုက်တွင် တရုတ်စစ်သားက စောင့်ကြည့်နေတာတွေရှိပြီး ခန္ဓာကိုယ်တွင်း အကြိမ်ကြိမ် ဓားထိုးထားတဲ့ ဒဏ်ရာကိုတွေ့ရှိကြောင်း ဒေသခံများကပြောပါတယ်။

တရုတ် မြန်မာနယ်စပ်တွင် ယခုလိုမြန်မာနိုင်ငံသားတစ်ဦး တရုတ်နိုင်ငံအခြမ်းတွင် အသတ်ခံရခြင်းကြောင့် Dehong အစိုးရအနေဖြင့် ယခုဖြစ်စဉ်ကို စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်ပေးဖို့ နှစ်ဖက်အစိုးရတာဝန်ရှိသူများကို အကူအညီတောင်းခံထားကြပါတယ်။

Leave a Reply

*