မန်လွယ် စစ်ဘေးရှောင်စခန်းရှိ ပြည်သူများ မိမိနေရပ်ဒေသပြန်နိုင်ရန် ဆုတောင်းပွဲပြုလုပ်

ရှမ်းပြည်မြောက်ပိုင်း မန်လွယ်စစ်ဘေးရှောင်ပြည်သူများက မိမိနေရပ်သို့ပြန်နိုင်ရေးအတွက် ကွတ်ခိုင်ရှိဘာသာရေးအဖွဲ့အစည်းများဦးဆောင်ပြီး အောက်တိုဘာ  ၂၉ ရက်နေ့တွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြပါတယ်။

ယခုခါ မန်လွယ်စစ်ဘေးရှောင်စခန်းတွင်ရှိသော အိမ်ထောင်စု (၂၆) စုသည် အောက်တိုဘာလ ၃၁ ရက်နေ့တွင် မိမိဆ‌န္ဒအလျောက် နေရပ်ဒေသဖြစ်တဲ့ ဖာ့ငေါမ့်ရွာကို ပြန်လည်အခြေချနိုင်ဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်းကွတ်ခိုင်မြို့ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှူး သိက္ခာတော်ရ မရန်ဇော်မန် ကပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်ရန် စီစဉ်ထားပြီးဖြစ်ပေမယ့် Covid-19 ရောဂါနဲ့ အခြားသောအခက်ခဲအမျိုးမျိုးကြောင့် ကျေးရွာရှိနေအိမ်များပြန်လည်မွမ်းမံခြင်းနှင့် ပတ်သက်ပြီး အစီအစဉ်မပြုလုပ်နိုင်သေးကြောင်း သိရှိရပါတယ်။

လွန်ခဲ့သော ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့ကစပြီး စစ်ဘေးဒုက္ခကြာင့် Hpa Ngawn ရွာမှ ဒေသခံပြည်သူများ Bang Lim ကျေးရွာနဲ့ ကောင်းခါး၊ မန်းပျဉ်းကျေးရွာကြားရှိ မန်လွယ်စစ်ဘေးရှောင်စခန်းများတွင် သွားရောက်နေထိုင်နေကြရတာဖြစ်ပါတယ်။

Leave a Reply

*