မန်လွယ်စစ်ဘေးရှောင်ပြည်သူများ မိမိဒေသဆီ ပြန်လည်သွားရောက်နေထိုင်

ရှမ်းပြည်မြောက်ပိုင်း မန်လွယ် စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူများ ကိုယ့်ရဲ့ဒေသ နေရပ်ဖြစ်တဲ့ ဖာငေါင်ကျေးရွာကို ပြန်လည်သွားရောက်နေထိုင်ကြပြီ ဖြစ်ပါတယ်။

မန်လွယ်စစ်ဘေးရှောင်စခန်းတွင် နေထိုင်နေတဲ့ အိမ်ထောင်စု (၂၆) စုက အောက်တိုဘာ ၂၉ ရက်နေ့တွင် မိမိနေရပ်ဆီကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီး သွားရောက်နေထိုင်ဖို့ လုပ်ဆောင်ခဲ့ကာ အောက်တိုဘာ ၃၁ ရက်နေ့မှာတော့ မေတ္တာဖောင်ဒေးရှင်းနဲ့ ထွယ်နင်ခေါင်အဖွဲ့တို့က တာဝန်ယူပြီး ရွေ့ပြောင်းကူညီပေးခဲ့ကြပါတယ်။

စစ်ပွဲကြောင့် ပျက်စီးသွားပြီဖြစ်တဲ့နေအိမ်များ ပြန်လည်တည်ဆောက် ပြုပြင်ဖို့ စီမံထားမှုတွေမလုပ်ဆောင်နိုင်ခဲ့ပေမယ့် ကူညီရေးအဖွဲ့အစည်းများက ဆွေးနွေးညှိနှိုင်းလုပ်ဆောင်ထားမှုတွေရှိထားတယ်လို့ ဒေသပြန်ရေးဦးဆောင်ကော်မတီခေါင်းဆောင် ဒေါ်နန်ဒွဲကပြောပါတယ်။

မန်လွယ်စစ်ဘေးရှောင်ပြည်သူများက နေရပ်ဒေသပြန်ဖို့ ၂၀၁၉ ခုနှစ်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့မှုတွေရှိပေမယ့် စစ်ပွဲတွေထပ်မံဖြစ်ပွားလာတာကြောင့် ရပ်ဆိုင်လိုက်ရတာ ယခုနှစ် ဇွန်လတွင် ပြန်လည်အိမ်ပြန်ဖို့ လုပ်ဆောင်ခြင်းဖြင့် ဖာငေါင်ဒေသခံများက တောသဖွယ်ဖြစ်ပွားနေမှုများကို ရှင်းလင်းခြင်း အသက်မွေးဝမ်းကျောင်းအတွင် ပြောင်းဖူးစိုက်ပျိုးခြင်းများကို ကြိုတင်သွားရောက်လုပ်ကိုင်ထားမှုတွေတော့ ရှိခဲ့ပါတယ်?

၂၀၁၆ ခုနှစ် ဒီဇင်ဘာ (၆) ရက်နေ့က တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဖာငေါင်ဒေသခံများ မိမိနေအိမ်များကို စွန့်ခွာထွက်ပြေးပြီး ဒေသခံများက ဘန်လင်နဲ့ကောင်းခါး၊ မိုင်းပျဉ်းစတဲ့ကျေးရွာနဲ့နီးစပ်တဲ့ မန်လွယ်စစ်ဘေးရှောင်စခန်းတွင် သွားရောက်ခိုလှုံနေကြရတာဖြစ်ပါတယ်။

Leave a Reply

*