ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နဲ့ သိန္နီမြို့ကြားရှိ မန်ပိန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၄ ရက် နေ့လည် ၁၂ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁၀) တပ်ရင်း (၂) ကြားတိုက်ပွဲဖြစ်ပွာခဲ့ပါတယ်။
သိန္နီမြို့ကနေ အင်အား ၅၀ ဝန်းကျင်ဖြင့် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်က ကွတ်ခိုင်-သိန္နီလမ်းပိုင်း မန်ပိန်းအောက်ဘက်ပိုင်းတစ်နေရာတွင် လှုပ်ရှားမှုပြုလုပ်နေတာကြောင့် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိခဲ့ကာ တိုက်ပွဲဖြစ်ပွားအပြီး ဒဏ်ရာရစစ်သားများကို မော်တော်ယာဉ်များဖြင့် သယ်ယူသွားကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ယမန်နေ့မနက် ၆ နာရီခန့်တွင်လည်း ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း (၃၄) နယ်မြေ မန်တုံမြို့ဗျူဟာကုန်းကိုလည်း ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သိရပါတယ်။