ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ (Kachin Sub-state) မန်တုံမြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ကို ယနေ့မနက် ၆ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၃၄) မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို KIA တပ်မှ ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ကာ အသေးစိတ်အချက်အလက်ကတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ် ခလရ (၁၃၀) တပ်က မန်တုံမြို့ အဝင်အထွက် သွားလာတဲ့ ပြည်သူများကို လုံခြုံရေးအကြောင်းပြကာ စစ်ဆေးမှု ပြင်းထန်စွာ ဆက်တိုက်လုပ်ဆောင်လာနေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ကေအိုင်အေ တပ်မဟာ (၄), တပ်မဟာ (၆)နဲ့ တပ်မဟာ (၁၀) ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။