မန်တုံမြို့တွင် စစ်ကောင်စီတပ်နဲ့ KIA, KPDF ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့အနီး အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၉ နာရီခန့်တွင် အင်အားအများအပြားဖြင့် ထိုးစစ်ဆင် လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၉၉) လို့ ခန့်မှန်းရတဲ့ အင်အား (၂၀၀) ဝန်းကျင်ပါ စစ်ကြောင်းက ယမန်နေ့ကတည်းက ကေအိုင်အေနယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်းကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

နေ့လည် ၁၁ နာရီခွဲခန့်မှာတော့ မန်တုံစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်မှု လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ မန်တုံစစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်မှ လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်မှုတွေ ရှိခဲ့သလို စက်တင်ဘာ ၂၉ ရက်နေ့ကလည်း မန်တုံ ခလရ (၁၃၀)နဲ့ ရဲစခန်းကို KIA, KPDF ပူးပေါင်းတပ်မှ ဝင်ရောက်ပစ်ခတ်မှုလည်း ရှိခဲ့ပါတယ်။

ထို့ပြင် ယနေ့ မနက် ၆ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ထီးချိုင့်ကနေ စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ KPDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

Leave a Reply

*