ဇွန်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။
ရှမ်းပြည်နဘ်မြောက်ပိုင်း မူဆယ်စက်မှုဇန်ရပ်ကွက် စားသောက်ဆိုင်တစ်ဆိုင်တွင် ယနေ့ ဇွန်လ ၁၆ ရက်နေ့က မန်ဂျယ်ပြည်သူ့စစ်တာဝန်ခံတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရပါတယ်။
သတ်ဖြတ်ခံရသူက မန်ဂျယ်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ တပည့်ဖြစ်ကာ မူဆယ်စက်မှုဇန်ရပ်ကွက်ရှိ ဂိတ်တွင် ဂိတ်အဝင်အထွက် စောင့်ကြည့်တာဝန်ကို ယူဆောင်ထားသူဖြစ်ကြောင်း သိရပါတယ်။
အသက် ၅၀ အရွယ် အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးကိုလေးကို ပစ်သတ်သွားသူက မည်သူဖြစ်ကြောင်းကို မသိရှိရသေးပေမယ့် ဒေသခံအချို့ကတော့ အဖွဲ့အချင်းချင်း လုပ်ကြံသတ်ဖြတ်သွားတာဖြစ်နိုင်ကြောင်း သုံးသပ်နေကြပါတယ်။
အဆိုပါစက်မှုဇုန်ရပ်ကွက်တွင် လွန်ခဲ့သောလကလည်း လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရမှု ရှိခဲ့ပါသေးတယ်။