မန်ဂျယ်နဲ့ ရွှေကူရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ် တိုက်ခိုက်ခဲ့

ဗန်းမော်မြို့နယ်၊ မန်ဂျယ်ကျေးရွာ ဖန်ခါးကုန်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ရဲ ပူးပေါင်းဂိတ်ကို KIA နဲ့ PDF ပူးပေါင်းတပ်မှ ယမန်နေ့ ဖေဖော်ဝါရီ ၇ ရက်နေ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေချိန် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၄၇) မှ ၆၀-မမ လို့ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ဖန်ခါးကုန်းကျေးရွာရှိ အသက် ၅၃ နှစ်အရွယ် လထော် ဇော်ယော် လက်နက်ကြီးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့မှာတော့ ရွှေကူရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၅၆), ခမရ (၆၀၂) နဲ့ ရဲစခန်းမှ​လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်လာခြင်းကြောင်း နှစ်ဖက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

အဆိုပါနေ့မှာပင် ကေအိုင်အေ တပ်ရင်း (၂၇) နယ်မြေ နာခေါင်တောင်အောက် ခရိုင်ငါကုန်းတဝိုက် ဘန်ဂေါ်ကျေးရွာနဲ့ ဂျန်မိုင်ကောင်ရာကျေးရွာကြားမှ ခြေလျင်ဖြင့် ထွက်ပေါ်လာတဲ့ အကြမ်းဖက် စစ်ကောင်စိဝပ် ခမရ ၄၂၄ နဲ့ ခလရ ၂၂၃ တပ်အင်အား ၁၀၀ ပါ စစ်ကြောင်းကို ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရပါတယ်။

Leave a Reply

*