ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့ မော်တောင်၊ ဒါ့လုံအနီး မန်ဂျပ်ပါတွင် ယနေ့ ဇူလိုင် ၁၈ ရက်နေ့ ညနေပိုင်း ၁ နာရီခန့်တွင် အကြမ်းဖက်အုပ်စု အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်အဖွဲ့ တပ်မ ၉၉ အဖွဲ့လို့ ခန့်မှန်ရတဲ့တပ်ဖွဲ့က ဒါ့လုံကျေးရွာအနီး စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်စဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်၊ ကိုးကန့်တပ်မတော်နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေနေ့စဉ်နေ့တိုင်းလိုလို ဖြစ်ပွားနေကာ စစ်ကောင်စီတပ်မှ ကျေးရွာအနီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုတွေလည်း အမြဲတစေလုပ်ဆောင်လေ့ ရှိနေပါတယ်။
ဇူလိုင် ၁၇ ရက်နေ့တုန်းကလည်း မုံကိုး-ဖေါင်းဆိုင်ကျေးရွာနဲ့ လောက်ကိုင်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပူဝမ်ကျေးရွာဘက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံပြည်သူများ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။