စစ်ကိုင်းတိုင်းဒေသကြီးကနေ ကချင်ပြည်နယ်ကို သွယ်တန်းထားတဲ့ အဓိက မီးရထားလမ်းပိုင်းတစ်ခုရှိ သံလမ်းကူးတံတားတစ်ခုကို မတ်လ ၁၂ ရက်နေ့ညက မိုင်းခွဲဖျက်ဆီးလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံက သိရှိရပါတယ်။

ထိုသံလမ်းကူးတံတားက အင်းတော်မြို့နယ်ရှိ မဲဇာဘူတာနဲ့ ဘုံချောင်းဘူတာကြားရှိ သဲချောင်းကျေးရွာမှ မီးရထားသံလမ်းကူးတံတားဖြစ်ကာ မဲဇာဘူတာမရောက်ခင် ၆ မိုင်အကွာခန့်တွင်ရှိတာဖြစ်တာဖြစ်ပြီး လက်ရှိအချိန်တွင် ရထားသွားလာလို့မရတော့သလို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာကို မသိရှိသေးပါဘူး။