မဂါ့ယန်စစ်ဘေးရှောင်စခန်းရှိ အလယ်တန်းကျောင်းသားများ သိပ္ပံပညာရပ် ပြသပွဲပြုလုပ်

ဖေဖော်ဝါရီ ၂၆ ရက်နေ့က မဂါ့ယန်စစ်ဘေးရှောင်စခန်းရှိ အလယ်တန်းကျောင်းသားများက စွန့်ဦးတီထွင် သိပ္ပံဘာသာရပ်ဆိုင်ရာများ ပြသပွဲပြုလုပ်ခဲ့ကာ ဆရာများက ငွေကြေးမကုန်ကျပဲ သုံးပြီးသားပစ္စည်များဖြင့် ရေဘူးဟောင်း ပုလင်းဟောင်းများနဲ့ စာရွက်များကို အသုံးချပြီး တီထွင်ကြံဆခဲ့ကြပါတယ်။

ယခုလို စွန့်ဦးတီထွင်ခြင်းပြလုပ်ပေးရခြင်းက “ကျောင်းသားများအနေဖြင့် တီထွင်ကြံဆတဲ့ဉာဏ်ရည်တိုးပွားလာဖို့၊ တစ်ဦးနဲ့တစ်ဦး ဖေးမကူညီတတ်လာစေဖို့နဲ့ ကျမတို့အသုံးပြုနေတဲ့ ပစ္စည်းများကို ဝယ်ယူခြင်းများဖြင့်သာ အသုံးပြုနေခြင်းမဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဝါးပင်၊ ဗူး၊ ပုလင်း၊ စာရွက်အဟောင်းများကို အသုံးချခြင်းဖြင့် ပစ္စည်းများကို တီထွင်နိုင်ဖို့ ဖြစ်ပါတယ်” လို့ ကျောင်းအုပ်ဆရာမကြီး အင်ခါးနန်ဘောက် ကပြောပါတယ်။

“ကျောင်းသားတွေအနေဖြင့် ဒီတီထွင်ကြံဆခြင်းတွင် စိတ်ပါဝင်စားစွာပါဝင်ကြပေမယ့် ကျောင်းအနေဖြင့် ငွေကြေးလုံလောက်စွာမရှိခြင်းကြောင့် တီထွင်မှုမှာအသုံးပြုဖို့ ပစ္စည်းကရိယာများ လုံလုံလောက်လောက် ထောက်ပံ့ပေးနိုင်ခြင်းမရှိသေးပါဘူး” လို့ဆရာမကဆက်ပြောပါတယ်။

သိပ္ပံဘာသာရပ်ဆိုင်ရာ တီထွင်ဖန်တီးခြင်းလုပ်ဆောင်မှုကို ယခုအကြိမ်က ပထမဦးဆုံးအကြိမ်ဖြစ်ကာ ကျောင်းသားများ ဘယ်လောက်အတိုင်းအတာထိ တီထွင်နိုင်မှုကို ကြည့်ရှုကာ ဆက်လက်ပြီး ယှဉ်ပြိုင်ခြင်းများ မပြုလုပ်နိုင်သေးပေမယ့် တီထွင်ဖန်တီးနိုင်မှုကိုတော့ ချီးကျူးဂုဏ်ပြုသလို လာမည့်စာသင်နှစ်များတွင် ပိုမိုလုပ်ဆောင်သွားနိုင်ဖို့လည်း ပြင်ဆင်ထားကြောင်း သိရှိရပါတယ်။

လက်ရှိမဂါ့ယန်စစ်ဘေးရှောင်စခန်းရှိ အလယ်တန်းကျောင်းနဲ့ စခန်းတွင် ကျောင်းသား ၃၅၀ ကျော်စာသင်ကြားနေကြတာပဲ ဖြစ်ပါတယ်။

Leave a Reply

*