KIO/KIA ဗဟိုဌာနချုပ် အဖွဲ့ဝင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နာယကကြီးဖြစ်တဲ့ ဗိုလ်မှူးချုပ် ဂျွမ်ဇမ် လွမ်းဒေါင် အသက် (၈၅) နှစ်က မေလ ၂၀ ရက်နေ့တွင် လိုင်ဇာဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရင်း လူကြီးရောဂါဖြင့် ခရစ်တော်၌ အိပ်ပျော်သွားခဲ့ရပါတယ်။

ယနေ့ မေလ ၂၂ ရက်နေ့မှာတော့ ကျန်ရှိနေသေးတဲ့ ရုပ်ကလပ်ကို နောက်ဆုံးဆုတောင်းခြင်းနဲ့ မြေချမြုပ်နှံမှုကို ပြုလုပ်ခဲ့ကာ မိတ်ဖက်တော်လှန်ရေးအင်အားစုများကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။
ဗိုလ်မှူးချုပ် ဂျွမ်ဇမ် လွမ်းဒေါင်က “ဝ” ပြည် ပန်ဆန်းမြို့ရှိ KIO/KIA ဆက်ဆံရေးရုံးတွင် တာဝန်ခံအရာရှိကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာစဉ် ကျန်းမာရေးချို့ယွင်းလာမှုကြောင့် ထိုနေရာတွင် သုံးလကြာ ဆေးဝါးကုသမှုခံယူခဲ့ပေမယ့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာခြင်း မရှိတာကြောင့် လိုင်ဇာမြို့ ပြန်လည်ပြောင်းရွေ့ကာ လိုင်ဇာဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေစဉ် မေလ ၂၀ ရက်နေ့က လူကြီးရောဂါဖြင့် ခရစ်တော်ထံ အိပ်ပျော်သွားခဲ့ရတာပါ။

ဗိုလ်မှူးချုပ်က ၁၉၆၂ ခုနှစ်ကတည်းက တော်လှန်ရေးလုပ်ငန်းကို လုပ်ဆောင်လာခဲ့တာဖြစ်ပြီး နှစ်ပေါင်း (၅၀) ကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကာ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ကိုလည်း ချီးမြင့်ခံထားရသူဖြစ်သလို ကေအိုင်အေရဲ့ ရာထူးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်ရင်း ဦးဆောင်တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး တပ်မဟာ (၄) တပ်မမှူးအထိ တာဝန်ထမ်းဆောင်ကာ စာပေနှင့် ရိုးရာယာဉ်ကျေးမှုဌာနတွင်တ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး “ဝ”ပြည် ဘက်ပြောင်းရွေ့ပြီး ဆက်ဆံရေးတာဝန်ခံအပြီး တာဝန်ထမ်းဆောင်ခဲ့တာပါ။