ဗန်းမော် ရောဘတ်စစ်ရှောင်ပြည်သူ ၈ ဦးကို အကြမ်းဖက် စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးသွား

ဗန်းမော်မြို့တွင် ဖွင့်လှစ်ထားတဲ့ ရောဘတ်စစ်ရှောင်စခန်းတွင် ယမန်နေ့ နိုဝင်ဘာ ၂ ရက်နေ့ ည ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ရုတ်တရက် ဧည့်စာရင်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး ဧည့်စာရင်း မတိုင်ထားသူများကို ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ အင်အား ၃၀ ဝန်းကျင်ဖြင့် ဝင်ရောက်လာကာ ဧည့်စာရင်း တိုင်ထားခြင်းမရှိကြောင်းကို အကြောင်းပြုကာ ပြည်သူ ၈ ဦးကို ဖမ်းဆီးသွားခဲ့တာကြောင့် လက်ရှိတွင် ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်ဖို့ သက်ဆိုင်ရာများနဲ့ ပြောဆိုဆွေးနွေးနေကြောင်း စခန်းတာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

စစ်ရှောင်စခန်းတွင်း ယခုလို စစ်ဆေးမှုတွေ မရှိခဲ့ဘူးကာ ယခုလို ရုတ်ခြည်းဝင်ရောက်စစ်ဆေးတာကြောင့် စခန်းတွင်းရှိ စစ်ရှောင်ပြည်သူများ စိုးရိမ်ထိတ်လန့်ခဲ့ကြရပါတယ်။

ဗန်းမော် ရောဘတ်စစ်ရှောင်စခန်းတွင် စစ်ဘေးရှောင် အိမ်ထောင်စု ၆၀၀ ကျော်ဖြင့် စစ်ရှောင်ပြည်သူ ၄၀၀၀ ကျော် ခိုလှုံနေရတဲ့ စစ်ရှောင်စခန်းကြီးတစ်ခု ဖြစ်ပါတယ်။

Leave a Reply

*