ဗန်းမော်မှာ မနော်တိုင်စိုက်တူခြင်းလုပ်ငန်းစတင်ပြီ

ဗန်းမော်ခရိုင် အောင်သာကျေးရွာမှာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလကတည်းက မနောတိုင်စိုက်ထူးခြင်းလုပ်ငန်းကို စတင်နေပြီဖြစ်ကြောင်း ဗန်းမော်စာပေနှင့်ရိုးရာယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဌ မှသိရှိရပါတယ်။

မနောတိုင်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလကတည်းက တည်ဆောက်ဖို့ သက်ဆိုင်ရာအစိုးရကို တရားဝင်စာတင်ထားပေမယ့် လေယဉ်ကွင်းနဲ့နီးစပ်နေတာကြောင့် ၇ လကြာရပ်နားထားခိုင်းခဲ့ပါတယ်။

“ကချင်ပြည်နယ်အတွက် ဗန်းမော်ကျေးရွာက ဒုတိယအကြီးဆုံးမြို့ဖြစ်တာကြောင့် တမျိုးသားလုံးရဲ့ စည်းလုံးခြင်းနေရာတစ်ခုလည်းဖြစ်တာကြောင့် ဒါကိုရည်ရွယ်ပြီး အခြားဒေသတွေမှာလုပ်ဆောင်ပြီးဖြစ်တာကြောင့် ဒီမှာနောက်ကျပေမယ့် ကြီးမားတင့်တယ်စွာလုပ်ဆောင်ဖို့ အားစိုက်နေတာပါ” လို့ မနောတိုင်ဆောက်လုပ်ရေးကော်မတီခေါင်းဆောင် ကရန်နော်တောင်ကပြောပါတယ်။

ဒီမနောတိုင်တည်ဆောက်ရန်နေရာကို လွန်ခဲ့သောအချိန်က ယွပ်ဇော်ခေါင်နဲ့ သူငယ်ချင်းများက ရိုးရာယဉ်ကျေးမှုဝင်းအဖြစ် လုပ်ဆောင်ဖို့ ဝယ်ယူပေးထားတာဖြစ်ပါတယ်။

ကချင်လူမျိုးများအချင်းချင်း စိတ်တူကိုယ်တူဖြစ်ကြောင်း ဖော်ပြပေးနိုင်မယ့်မနောတိုင်တစ်ခုဖြစ်တည်လာဖို့ နည်းလမ်းပေါင်းစုံဖြင့် ပညာပေး၊ အထောက်အကူပြု၊ ငွေကြေးထောက်ပံ့ခြင်းများဖြင့် တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။

Leave a Reply

*