ဗန်းမော်ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲသူများပြားလာခြင်းကြောင့် ဒေသခံများစိုးရိမ်

ဗန်းမော်မြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူတွေ များပြားလာခြင်းကြောင်း ဒေသခံများထံမှ သိရပါတယ်။ လွန်ခဲ့သောအချိန်က မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းများ ပုံမှန်လုပ်ဆောင်နိုင်ခံပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် နှိမ်နှင်းရေးလုပ်ငန်းများကို ရပ်နားထားချိန်ကစတင်ပြီး မူယစ်ဆေးဝါးသုံးစွဲ ပိုမိုများပြားလာကြောင်း ပြောဆိုကြပါတယ်။

မူယစ်ဆေးဝါးရောင်းဝယ်သူတွေ များပြားလာတာနဲ့အမျှ သုံးစွဲသူများလည်း တိုးလာမှာဖြစ်တာကြောင့် စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“မြန်မာအစိုးရအုပ်ချုပ်တဲ့နေရာတွေမှာ လွန်ခဲ့သောအချိန်ထက် ပိုမိုဆိုးရွားလာနေတယ်၊ ဗန်းမော်ဒေသအတော်များများမှာ ဆိုးရွားနေတယ်၊ ဘိန်းဖြူကိုလည်း ၅၀၀ကျပ် ၁၀၀၀ ကျပ်ကနေစပြီး ဝယ်ယူလို့ရနေတယ် အသက်မပြည်သေးတဲ့ ၁၀ နှစ်ကလေးတွေ၊ စစ်ဘေးရှောင်စခန်းကကလေးတွေကအစ လာဝယ်တာတွေရှိနေတယ်လို့ ပြောတော့ စိုးရိမ်မိပါတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်တွင် အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ်အာဏာသိမ်းရယူထားတဲ့ နိုင်ငံရေးရှုပ်ထွေးနေချိန်ဖြစ်သလို ကလေးအများစုကလည်း ပညာရေးနဲ့ဝေးကွာနေရချိန်ဖြစ်တာကြောင့် မူးယစ်ဆွေးဝါးကျော့ကွင်းတွင် နစ်မြုပ်သွားမည်ကို မိဘများက မိမိသားသမီးများအတွက် စိုးရိမ်နေကြရပါတယ်။

Leave a Reply

*