ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် ဗန်းမော်ဒေသအတွင်းရှိ ကျေးရွာများတွင် မိခင်နဲ့ကလေးများရဲ့ ကျန်းမာရေးဆိုင်ရာကို ဒေသခံများအား အမြင်ဖွင့်ဟောပြောပို့ချခဲ့ကာ မေးမြန်းခြင်း ဖြေကြားခြင်းများ စတဲ့လုပ်ငန်းကို ပြုလုပ်ခဲ့ပါတယ်။
အများပြည်သူအနေဖြင့် ကျန်းမာရေးနဲ့ညီညွတ်စွာ ကလေးမွေးဖွားခြင်းသိရှိဖို့၊ လိုက်နာလုပ်ဆောင်ရမည့်အရာများကိုလည်း ပို့ချခဲ့သလို ကျန်းမာရေးဝန်ထမ်းများနဲ့ဒေသခံများကြား အကျွမ်းတဝင်ရှိမရှိ၊ တာဝန်ထမ်းဆောင်သူများရဲ့ လိုအပ်ချက်နဲ့ ဒေသခံများရဲ့ အထောက်အပံ့ရှိမရှိ၊ လုပ်ဆောင်နေတဲ့လုပ်ငန်းများတွင် ပြုပြင်ရမည့်အရာများကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ ကျန်းမာရေးတာဝန်ခံ ဆရာဝန်လထော်ဇော်ဂမ် ကပြောပါတယ်။
ဒီအစီအစဉ်ကို ဗဟိုကျန်းမာရေးဌာန ဗိုလ်ကြီးထွယ်ဂျာမှ ဦးစီးလုပ်ဆောင်တာဖြစ်ပြီး ကလေးသူငယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာဆိုင်ရာများကို စစ်တမ်းကောက်ယူခြင်းလည်းဖြစ်ကာ စက်တင်ဘာ ၁၃ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။