ဗန်းမော်ခရိုင်မှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် နှစ်ခုထပ်မံတိုးမြင့်

ကေအိုင်အိုထိန်းချုပ်နယ်မြေ အရှေ့ပိုင်းဌာနချုပ် ဗန်းမော်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်နှိမ်နှင်းရေးလုပ်ဆောင်ဖို့ စစ်ဆေးရေးဂိတ်အသစ်နှစ်ခုကို ဒီဇင်ဘာ ၂၅ ရက်နေ့က ဖွင်လှစ်ခဲ့ကြောင်း အဆိုပါကော်မတီထံမှ သိရှိရပါတယ်။

ဗန်းမော်ဒေသတွင် စစ်ဆေးရေးဂိတ် ၄ ခုထားရှိပြီးလုပ်ဆောင်နေပေမယ့် လက်ရှိအချိန်တွင် အခြားလမ်းများမှ ခိုးဝင်မှုတွေမရှိစေဖို့ ရှနောင်ခတ်ဂိတ်နဲ့ လွပ်ဖရော်ခတ်ဂိတ်တွေကို သတ်မှတ်ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာအစိုးရအုပ်ချုပ်တဲ့ လွယ်ဂျယ်နဲ့ ဗန်းမော်ဒေသရှိ ပြည်သူများ ခိုးဝင်မှုတွေရှိနေကာ ယင်းဒေသရှိပြည်သူများလည်း တရားဝင်လမ်းကြောင်းဖြင့် ဝင်ထွက်သွားလာနိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အရှေ့ပိုင်းဌာနဘက် ဒီဇင်ဘာ ၁၃ ရက်နေ့ကစတင်ပြီး စစ်ဆေးရေးဂိတ်ကနေ ဝင်ရောက်လာခြင်းမရှိပဲ အခြားလမ်းကနေခိုးဝင်လာသူများကို ကျန်းမာရေးစောင့်ကြည့်ခြင်း ၁၄ ရက်လုပ်ဆောင်စေကာ အများပြည်သူများကိုတော့ ကျန်းမာရေးဌာနဘက်ကို လွဲပြောင်းစေကာ ဝန်ထမ်းများကိုတော့ သက်ဆိုင်ရာဌာနတွေဆီ လွဲပြောင်းစေကာ ထိန်းချုပ်မှုတွေ လုပ်ဆောင်နေပါတယ်။

Leave a Reply

*