ဖောင်ဆိုင်းကျေးရွာပြည်သူများ ထွက်ပြေးတိမ်းရှောင်ရာမှ နေရပ်ပြန်

တိုက်ပွဲများဖြစ်ပွားလာခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း မုံကိုး-ဖောင်ဆိုင်းကျေရွာအနီးရှိ ဒေသခံပြည်သူများက ယနေ့ ဇူလိုင် ၉ ရက်နေ့ မနက် ၁၀ နာရီခန့်မှာတော့ မိမိနေရပ်ဆီ ပြန်လည်နေထိုင်နေပြီ ဖြစ်ကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်တပ်အကြမ်းဖက်အုပ်စုနဲ့ ကိုးကန့်တပ်မတော် (MNDAA)ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်လာသလို ကျေးရွာအနီးဝန်းကျင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေ ရှိခဲ့တာကြောင့် စိုးရိမ်ဖွယ်ဖြစ်လာကာ ဇူလိုင် ၆ ရက်နေ့က ထွက်ပြေးတိမ်းရှောင်နေခဲ့ကြတာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများရဲ့  ဦးဆောင်မှုဖြင့် နေရပ်ပြန်လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

“ဒီမနက် နေရပ်ပြန်ကြပါပြီ၊ အိမ်ထောင်စု ၉၀ လူဦးရေ ၃၀၀ ဝန်းကျင်ပါ၊ အတိအကျစာရင်းကတော့ မကောက်နိုင်သေးဘူး ၁၀ နာရီကတည်းက ပြန်ရောက်လာခဲ့ပါတယ်” ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ မကြာခဏဆိုသလို နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး ဖောင်ဆိုင်းကျေးရွာအနီး ယနေ့မနက်တွင်လည်း လက်နက်ကြီး ၃ ကြိမ်းတိုက် ကျရောက် ပေါက်ကွဲမှု ရှိခဲ့ပါတယ်။

Leave a Reply

*