ဖုန်အင်ယန်ချောင်းတဝိုက် ရွှေတူးဖော်နေရာတိုးချဲ့နေ

ဆွပ်ပရာဘွမ်ခရိုင်ရှိ ဖုန်အင်ယန်ချောင်းတဝိုက်တွင် ရွှေတူးဖော်မှုတွေ မပြုလုပ်ဖို့ ဒေသခံများက ကန့်ကွက်နေတဲ့ကြားမှာ ကချင်ပြည်နယ်အစိုးရအနေဖြင့် တူးဖော်ခွင့်ပေးထားတာကြောင့် ကုမ္ပဏီသူဌေးများအနေဖြင့် သတ်မှတ်နေရာထက်ပိုပြီး ရွှေတူးဖော်မှုတွေ လုပ်ဆောင်နေပါတယ်။

မြန်မာနိုင်ငံတွင်း နိုင်ငံရေးရှုပ်ထွေးနေစဉ် မြန်မာစစ်တပ်အနေဖြင့် စိတ်ထင်တိုင်းလုပ်ဆောင်ပြီး ရွှေတူးဖော်သူများကို အခွင့်ပေးပြီး ဒေသခံများရဲ့ မြေနေရာများတွင်လည်း တူးဖော်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

အများပြည်သူနေရာအဖြစ် သတ်မှတ်ထားတဲ့နေရာများကိုလည်း ရယူလာတာကြောင့် ဒေသခံများကန့်ကွက်မှုဖြင့် အုပ်ချုပ်ရေးမှူးများနဲ့ညှိနှိုင်းပြီး ဖုန်အင်ယန်အနီးတဝိုက်ပြန်လည်နေရာပေးလိုက်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းခဲ့ရမှုတွေရှိကြောင်း ပြောဆိုကြပါတယ်။

ဒေသခံများရဲံ မြေနေရာများကို ရွှေတူးဖော်တဲ့ကုမ္ပဏီများက တောင်းဆိုမှုတွေရှိလာတာကြောင့် ဒေသခံများအနေဖြင့် မြေလွတ်မြေရိုင်းအဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ဖို့ တောင်းဆိုထားတဲ့ ဧက ၃၀၀ ကျော်တဲ့နေရာကို ရွှေတူးဖော်ဖို့ အခွင့်ပေးလိုက်ကြရပါတယ်။

ဆွပ်ပရာဘွမ်ဒေသရှိ ဖုန်အင်ချောင်းနဲ့ ဖုန်ကျန်ချောင်းအနီးရှိ  ၂၀၈ ဧကရှိတဲ့ နေရာကို ရွှေတူးဖော်တဲ့ ကုမ္ပဏီ ၁၄ ခုကို လုပ်ကွက် ၅၂ ကွက်တူးဖော်ခွင့်ပြုထားကာ လုပ်ကွက်တစ်ကွက်ကို ၄ ဧက ကျယ်ဝန်းကြောင်း သိရှိရပါတယ်။

Leave a Reply

*