ဖုန်လွမ်ယန်စစ်ပြေးရှောင်စခန်းမှအလယ်တန်းကျောင်းတွင် ဧရာဝတီအဖွဲ့မှဦးဆောင်ကာ ဒီဇင်ဘာလ၁၈ရက်နေ့တွင် ပန်းချီပြခန်းကို ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်။
ပန်းချီကိုစိတ်ဝင်စားမှုရှိသော ကလေးများ မိမိစိတ်ခံစားချက်အတိုင်း ဖော်ထုတ်ရေးဆွဲပြီး လက်ရေတက်ကာပန်းချီပညာရှင်များဖြစ်လာရေးအတွက် ရည်ရွယ်ပြီးပန်းချီပြခန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာမ မဂျီရွယ်တောင် ကပြောပါတယ်။
ပန်းချီစိတ်ဝင်စားတဲ့ကလေးတွေကို ရွေးချယ်ပြီးသင်ကြားပေးကာ ထူးချွန်သောကလေးများကိုတော့ တိုင်းဒေသအဆင့်မှာ သွားရောက်ယှဉ်ပြိုင်မည့် အစီစဉ်များလည်းရှိကြောင်း သိရှိရပါတယ်။
ပန်းချီပြပွဲကို ယခင်နှစ်များက ဖုန်လွမ်ယန်၊ ဂျဲယန်၊ အလန့်ဘွမ်ကျောင်းများမှ ပန်းချီစိတ်ဝင်စားသော ကျောင်းသူကျောင်းသားများကိုစုစည်းပြီး တစ်နေရာထဲတွင် ဖြစ်လုပ်ခဲ့ပေမယ့် ယခုအခါ covid-19 ရောဂါကြောင့် မိမိကျောင်းထဲတွင်သာ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရပါတယ်။