ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းမှာ ဆေးဝါးခက်ခဲ

ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းရှိ ဆေးပေးခန်းတွင် ကျန်းမာရေးဆိုးရွားသူများရောက်ရှိလာပါက ဆေးဝါးထောက်ပံ့နိုင်ဖို့ ခက်ခဲနေကြောင်း ဆေးပေးခန်းတာဝန်ခံဆီမှ သိရှိရပါတယ်။ ဆေးပေးခန်းတွင် ကိရိယာစုံလင်မှုမရှိတာကြောင့် အက်ဆီးဒင့်ဖြစ်ပြီး ရောက်ရှိလာသူများ သွေးတိုးရောဂါသယ်နဲ့ ကိုယ်ဝန်ဆောင်မိခင်များ မီးဖွားဖို့ နှစ်ဦးသုံးဦးရောက်ရှိလာပါက အောက်ဆီဂျင်တစ်ဘူးတာရှိတာကြောင့် ဆေးရုံကြီးဘက် မပို့ဆောင်နိုင်မီ ကုသပေးနိုင်ဖို့ ခက်ခဲသွားမှာဖြစ်တဲ့အကြောင်း ဆေးပေးခန်းတာဝန်ခံ ဆရာမမိတုန်တောင်မာသာထံမှ သိရပါတယ်။ စစ်ဘေးရှောင်ပြည်သူ အယောက် သုံးထောင်ကျော် အိမ်ထောင်စု ခုနှစ်ရာကျော်တည်ရှိတဲ့ ဖုန်လွန်ယန်စစ်ဘေးရှောင်စခန်းတွင် ဆေးပေးခန်းသာရှိပြီး အရေးပေါ်ဆေးဝါးအနည်းငယ်သာရှိကာ အရေးတကြီးလူနာများရောက်ရှိလာပါက ခက်ခဲမှုတွေ ရှိနေတာပါ။ ယမန်နှစ်မှာလည်း ဆေးပေးခန်းကို တစ်နေ့အတွင်း အယောက် (၅၀) ဦးခန့် တစ်ပြိုင်နက်တည်း လည်ချောင်းနာ၊ နာချေခြင်းဖြင့် ရောက်ရှိလာတဲ့အချိန်တွင်လည်း ဆေးဝါးထောက်ပံ့နေသူများကို အကူအညီတောင်းခံပေမယ့် ရရှိဖို့ ခက်ခဲခဲ့ကာ ဆေးဝါးကုန်သွားတာကြောင့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဖုန်လွန်ယန်ဆေးပေးခန်းတွင် ဆေးဝါးအပြင်၊ နေရာနဲ့ ဆေးဝါးထားရှိဖို့နေရာများ လုံခြုံစိတ်ချမှုမရှိတာကြောင့် လေးပြင်း မိုးရွာသွန်းမှုများပြားလာရင် မိုးကျကာ ခက်ခဲမှုရှိတယ်လို့ သိရပါတယ်။

Leave a Reply

*