ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဝှေခါရွာ၊ ရှမ်းယူမာတောင်တွင် ယနေ့ မေလ ၂၀ ရက်နေ့လည် ၁၂ နာရီ ခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ အကြမ်းဖက် စစ်ကောင်စီတပ်ကို မိုင်ဆွဲတိုက်ခိုက်လိုက်ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ် အင်အား (၂၀၀) ဝန်းကျင်ပါဝင်တဲ့ စစ်ကြောင်းက မနက်ပိုင်းတွင် ဝှေလုံတပ်စခန်းကနေ ထွက်ခွာလာတာဖြစ်ပြီး KIA တပ်ရင်း (၆) ဘက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတာကြောင့် ကေအိုင်အေတပ်မှ ၃ ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကေအိုင်အေတပ်ရဲ့ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်းခံလိုက်ရတာကြောင့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက သေဆုံးထိခိုက်မှုရှိခဲ့ကာ အတိအကျစာရင်းတော့ မသိရှိရသေးကြောင်း ရှေ့တန်းသတင်းရင်းမြစ်က သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အဆိုပါစစ်ကြောင်းက ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကာ တိုက်ပွဲဖြစ်ပွားရာနေရာ အနီးတွင်သာရှိနေသေးကာ ဆက်လက်ထိုးစစ်လုပ်ဆောင်လာပါက တိုက်ပွဲဖြစ်ပွားလာဖို့ ရှိနေကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။