ဖားကန့်လမ်းပိုင်း ဂတ်နွယ်ကျေးရွာနဲ့ ကျောက်ထုကျေးရွာအကြား စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၄၄)တို့ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ မနက် ၇ နာရီခန့်ကနေ ၈ နာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် အာဏာိသမ်းစစ်တပ်အဖွဲ့က ဩဂုတ်လ ၁ ရက်နေ့တွင် နန့်ယားကျေးရွာမှ စစ်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ဖားကန့်လမ်းပိုင်းအတိုင်း ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့အဖွဲ့ဖြစ်တာကြောင့် ကေအိုင်အေဘက်မှ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု ရပ်ဆိုင်းသွားချိန် မနက် ၉ နာရီခန့်တွင် နမ္မတီးမြို့တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ နန့်ယားရှိ စစ်တပ် ခလရ (၁၂)တို့က တိုက်ပွဲဖြစ်ပွားရာနေရာဝန်းကျင်ဘက် လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း ဒေသခံများကပြောဆိုကြပါတယ်။
ဖားကန့်လမ်းပိုင်းတွင် ဇူလိုင် ၁ ရက်နေ့က စတင်ပြီး ကေအိုင်အေနဲ့ အာဏာသိမ်းစစ်တပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေက ၄ ကြိမ်ထက်မနည်းရှိခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တာတွေလည်း ရှိခဲ့ပါတယ်။