ဖားကန့်မှ ခရီးသွားများကို လဝါးလမ်းဆုံတွင် စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတို့ စစ်ဆေးမှု ပြင်းထန်စွာပြုလုပ်

မြစ်ကြီးနား-ဖားကန့်လမ်းပိုင်း လဝါးကျေးရွာလမ်းဆုံ စုပေါင်းဂိတ်တွင် ဇန်နဝါရီ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်ကစတင်ပြီး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းပြီး ခရီးသွားပြည်သူများနဲ့ ဖြတ်သွားဖြတ်လာပြည်သူများရဲ့ ဆိုင်ကယ်၊ မော်တော်ယာဉ်များကို ပိုက်စိတ်တိုက်ရှာဖွေမှုတွေနဲ့အတူ စစ်ဆေးမှုတွေ ပြင်းထန်စွာ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က ဖားကန့်မြို့ကနေ ခရီးသွားလာကြသူများကို ယာဉ်ပေါ်ကနေ ဆင်းစေကာ ယာဉ်စစ်ဆေးတဲ့အပြင် ပါရှိလာတဲ့ ဖုန်းများကို စစ်ဆေးခြင်း၊ ပါဝင်ပစ္စည်းများကို စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ဘယ်လိုအကြောင်းရင်းကြောင့် လုပ်ဆောင်နေခြင်းကိုတော့ မသိရှိကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

ယခင်အချိန်များမှာတော့ လမ်းကြေးကောက်ခံခြင်းတွေသာ ပြုလုပ်တာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ သတင်းတွေ ထွက်ပေါ်လာချိန် စစ်ဆေးမှုတွေ ပြင်းထန်လာလေ့ရှိကာ နိုဝင်ဘာ ၁၉ ရက်နေ့တွင်လည်း အဆိုပါဂိတ်ရှိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့က စစ်ဆေးမှု ကြမ်းတမ်းစွာပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

Leave a Reply

*