ဖားကန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ် ယနေ့မနက်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခံရ

ဖားကန့်မြို့၊ ဝှေခါမှော်အထက်ပိုင်း မော်မုံကျေးရွာတွင် ယနေ့ မေလ ၂၃ ရက်နေ့ မနက် ၇ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၃၃) လက်အောက်ခံတပ်ရင်းများမှ အင်အား (၂၀၀) ကျော်ပါဝင်တဲ့ စစ်ကြောင်းက ဝှေခါကျေးရွာနား လှုပ်ရှားသွားလာနေတာကြောင့် ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ စစ်ကြောင်းက လက်ရှိတွင် မော်မုံကျေးရွာတွင် ရောက်ရှိနေပြီး အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုတွေလည်း ပြုလုပ်နေခဲ့ကြောင်းလည်း သိရပါတယ်။

မေလ ၂၀ ရက်နေ့ကတည်းက စစ်ကောင်စီတပ်က စစ်အင်အားတိုးကာ စစ်ရေးလှုပ်ရှားမှု ပြုလုပ်နေတာကြောင့် ကေအိုင်အေတပ်မှ နေ့တိုင်းလိုလို ကြားဖြတ်တိုက်ခိုက်နေခဲ့တာဖြစ်ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တာတွေလည်း ရှိကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။

Leave a Reply

*