ဖားကန့်တွင် ကေအိုင်အေတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား

ဖားကန့်မြို့ ဝှေခါကျေးရွာ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်မ (၃၃) တို့ ယနေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၂ နာရီခန့်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဝှေခါမှော်တွင် တပ်စွဲနေရာယူနေတဲ့ စစ်ကောင်စီတပ် အင်အား (၁၀၀) ဝန်းကျင်ရှိတဲ့ စစ်ကြောင်းက ခြေလျင်ဖြင့် ဖားကန့်ဘက် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာစဉ် ကေအိုင်အေတပ်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ တပ်မ (၃၃) စစ်ကြောင်းက အောက်မြန်မာပြည်ကနေ စစ်ယာဉ်များဖြင့် ဂွေလုံအထိ ရောက်ရှိခဲ့ပြီး ထိုမှတစ်ဆင့် ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာစဉ် ဝှေခါတွင် ခရီးတစ်ခေါက်နားတဲ့ စစ်ကြောင်းဖြစ်ကြပါတယ်။

လွန်ခဲ့သောလတွေအတွင်းမှာလည်း စစ်ကောင်စီတပ်က ကေအိုင်အေ တပ်မဟာ (၉) နယ်မြေအတွင်း စစ်ရေးတိုးမြင့်ခြင်း၊ တပ်အပြောင်းအရွေ့ပြုလုပ်ခြင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကြောင့် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။

Leave a Reply

*