ဖားကန့်ရေကြီးမှုတွင် ကလေးငယ်တစ်ဦးမျောပါသွား

ဖားကန့်မြို့နယ် မဒန်ယန်ကျေးရွာတွင် ဩဂုတ်လ ၁၀ ရက်နေ့မနက်ပိုင်း မိုးသဲထန်စွာရွာသန်းမှုကြောင့် ကျေးရွာတွင်း ရေဝင်ရောက်လာပြီး အိမ်တစ်အိမ်ရှိ ရေကန်ပြိုကျခဲ့စဉ် အသက် (၄)နှစ်အရွယ်ကလေးတစ်ဦး မျောပါသွားမှု ဖြစ်ပွားခဲ့ပါတယ်။

မဒန်ယန်ကျေးရွာက မြေဇာပုံပေါ်တွင် အခြေချထားခြင်းကြောင့် မိုးကြီးချိန် စိုးရိမ်ဖွယ်ရှိတဲ့ ကျေးရွာဖြစ်ကြောင်း ဒေသခံများကပြောပါတယ်။

“အခုကျတော်တို့ဒေသမှာ မနေ့ကတည်းက မိုးရွာသွန်းမှု အားကြီးတော့ မမျှော်မှန်းထားချိန် ရေကြီးမှုတွေဖြစ်ပွားတတ်တာကြောင့် ဒေသခံများ ကိုယ်သားသမီးများကို သေချာစွာ ထိန်းကျောင်းလမ်းညွန်ဖို့လိုအပ်ပါတယ်” လို့ဒေသခံတစ်ဦးကပြောပါတယ်။

ရေကြီးမှုတွင် မျောပါသွားသောကလေးရုပ်အလောင်းကို လက်ရှိအချိန်ထိ ရှာဖွေနိုင်ခြင်းမရှိသေးပေမယ့် ရပ်ကွက်လူကြီးများက ဆက်တိုက်ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။

Leave a Reply

*