ဖားကန့်မြို့၊ မော်ဝှမ်းကျေးရွာအနီးရှိ ကျောက်စိမ်းတောင်ကုမ္ပဏီ၏ လုပ်ကွက်ဟောင်းတွင် ဒီဇင်ဘာ ၂၃ ရက်နေ့က ကမ်းပါးနံရံပြိုကျပြီး ၄ယောက်သေဆုံးတယ်လို့ ဒေသခံကပြောပါတယ်။
သေဆုံးသွားသူများမှာ လဘန်လက်ဆိုင်နော် (၂၉နှစ်)၊ အင်ခွန်ဆန်အောင် (၃၃နှစ်)၊ လမုန်ဆွတ်ဆိုင်းနော် (၂၅နှစ်) ကွမ်ရန်နော်ခရန် (၃၃နှစ်) များဖြစ်ပြီး ဦးဇယ်တောင်သည် ညာဘက်လက်တွင်ပြင်ပဒဏ်ရာရရှိ ကြောင်း သိရှိရပါတယ်။
ဖားကန့်ဒေသအတွင်းယခုလို မြေပြိုချိန်များတွင်အချို့အလောင်းများကို ရှာဖွေနိုင်သော်လည်းအများစုမှာ ဖော်ယူနိုင်ဖို့အခက်အခဲရှိကြောင်း သိရှိရပါတယ်။
“သူတို့ကျသွားတဲ့နေရာက ကျောက်စိမ်းတောင် လုပ်ကွက်မှာ ကျင်းခေါင်းပေါင်းပေါင်းဖို့ဆင်လာချိန် အနောက်ကမြေဇာတွန်းချလိုက်ပုံရတယ်” ကမ်းပါးပြိုကျမှုနဲ့ဆိုင်ပြီး ဒေသခံတစ်ဦးကပြောပြပါတယ်။
မြေပြိုမှုတွင်သေဆုံးသွားသော ၄ဦးကိုရှာဖွေတွေ့ရှိခြင်းမရှိသေးသော်လဲ ဖားကန့်ဒေသမှ ကယ်ဆယ်ရေးတပ်များနှင့် အိမ်သူအိမ်သားများ အဆက်မပြတ်ရှာဖွေနေပြီး
ဒဏ်ရာရရှိထားသော ဦးဇယ်တောင်းမှာ ဖားကန့်ပြည်သူ့ဆေးရုံတွင် ကုသခံယူလျက်ရှိကြောင်း သိရှိရပါတယ်။