ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်အမှတ် (၃၀) ရဲတပ်ရင်းနဲ့ ကေအိုင်အေ တပ်မဟာ (၉) လက်အောက်ရှိ တပ်ရင်း (၆) တို့ ယနေ့မနက် ၂ နာရီဝန်းကျင်ခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအဖွဲ့ဖြစ်တဲ့ ရဲတပ်ရင်းရှိနေရာ နေရာအနီးတဝိုက်ရှိ အချို့သောနေအိမ်များတွင် ကျည်သင့်မှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ကေအိုင်အေတပ်နဲ့ အာဏာသိမ်းစစ်တပ်တို့ရဲ့ ယနေ့မနက် ထိပ်တိုက်တွေ့ဆုံမှုတွင် ထိခိုက်ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုအတိုင်းအတာအတိအကျကိုတော့ မသိရှိရသေးပါဘူး။