ဖားကန့်မြို့နယ် ကံစီးကျေးရွာအနီး ကေအိုင်အေရဲ့ မူလနေရာများကို ပြန်လည်တိုက်ခိုက်ယူ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ကံစီးကျေးရွာအနီးရှိ တန်းဂေါ်ဘွမ်၊ မဆာတူးကောင်တွင် ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီအချိန်ကစပြီး ကေအိုင်အေတပ်မဟာ (၉) တပ်ရင်း (၆) အဖွဲ့နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ကြား ယနေ့ ဧပြီ ၁၉ ရက်နေ့မနက်ပိုင်းအထိ ထိပ်တိုက်ရင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းဖြစ်ပါတယ်

ထိုသို့တိုက်ပွဲဖြစ်ပွားစဉ် ဖားကန့်မြို့ မြို့မရပ်ကွက် ကလပ်ကုန်းတွင်ရှိတဲ့ ဗျူဟာကုန်းဘက်ကနေလည်း ယမန်နေ့ည ၉ နာရီဝန်းကျင်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုတွေရှိခဲ့ကာ အနီးရှိ ဆွတ်ငိုင်ယန်ကျေးရွာတွင် ၆၀-မမ ဗုံးတီးတစ်လုံး ကျရောက်ပေါက်ကွဲမှုတွေရှိခဲ့သလို ယနေ့မှာတော့ တိုက်ပွဲဖြစ်ပွားရာနေရာများဘက်ကို တိုက်လေယာဉ်နှစ်စီးဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကြဲမှုတိုက်ခိုက်မှုတွေလည်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ယနေ့မနက်အထိ ဖြစ်ပွားခဲ့တဲ့ ထိုတိုက်ပွဲတွင် ကေအိုင်အေဘက်မှ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်လိုက်နိုင်ဖွယ်ရှိကြောင်း ဒေသခံများရဲ့ပြောကြားချက်အရသိရကာ ထိုနေရာများက ၂၀၁၁ တကျော့ပြန်စစ်မဖြစ်ပွားခင်ကတည်းက ကေအိုင်အေတပ်စွဲထားရာ နယ်မြေများဖြစ်ကာ ၂၀၁၆ ခုနှစ်က ကံစီးကျေးရွာရှိ တပ်ရင်း (၆) ဌာနချုပ်နေရာလည်း ကေအိုင်အေဘက်မှ လက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

*