ဖားကန့်မြို့နယ်တွင် ကိုဗစ်ပိုးတွေ့သူအားလုံး ဆေးရုံဆေးခွင့်ရရှိပြီ နောက်ထပ် ၁၁ ဦးထပ်တိုးလာ

ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူအများဆုံဒေသတစ်ခုဖြစ်တဲ့ ဖားကန့်မြို့နယ်ရှိ ပိုးတွေ့ရှိသူ (၃၅) ဦးစလုံး ကျန်းမာရေးကောင်းမွန်နေပြီဖြစ်တာကြောင့် အောက်တိုဘာ ၈ ရက်နေ့က ဆေးရုံကနေ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် အောက်တိုဘာ ၉ ရက်နေ့ စာရင်းထုတ်ပြန်ချက်မှာတော့ ပိုးရှိသူ ၁၁ ဦးထပ်တိုး လာခဲ့ပါတယ်။

ဓာတ်ပုံ – Department of Public Health Kachin State

ဖားကန့်ဒေသမှာ အောက်တိုဘာ ၈ ရက်နေ့ကနေပြီး ပိုးတွေ့ရှိသူအားလုံး ဆေးရုံဆင်းခွင့်ပြုနိုင်ခဲ့ကာ အချို့သောစစ်ဆေးရေးဂိတ်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ဆရာဒါ့ရှိနော်လွန် ကပြောပါတယ်။

ပိုးတွေ့လူနာအများဆုံးတွေ့ရှိခဲ့ရတဲ့ တောင်ပျိုရပ်ကွက်ကိုတော့ အသွားအလာကန့်သတ်ထားရှိသေးသလို ပိုးတွေ့ရှိသူတွေနဲ့ ထိစပ်ခဲ့သူများကိုလည်း ကျန်းမာရေးစောင့်ကြည့်မှုတွေ ဆက်လက်လုပ်ဆောင်ပြီး ပိုးရှိမရှိစစ်ဆေးထားရာကနေ လက်ရှိ ၁၁ ဦးကိုပြန်လည်ရှာဖွေနိုင်ခဲ့တာဖြစ်ပြီး ဆေးရုံဆေးခွင့်ရရှိထားသူများကိုတော့ နေအိမ်များတွင် အသွားအလာကန့်သတ်ထားရှိထားပါသေးတယ်။

လက်ရှိကချင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူဦးရေ (၆၉) ဦးရှိသွားပြီဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၄၃) ဦးရှိပြီး ဆေးကုသမှုခံယူနေသူကတော့ (၂၆) ဦးရှိနေပါသေးတယ်လို့ ကချင်ပြည်နယ်ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။

မြန်မာတနိုင်ငံအရ လက်ရှိ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၂၆၀၆၄) ဦးအထိရှိနေပြီး ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၃၀၅၀) ဦးရှိကာ သေဆုံးသူကတော့ (၅၉၈) ဦးအထိရောက်ရှိသွားပြီဖြစ်ကာ ယနေ့ပိုးတွေ့နှုန်းက ၁၃ ရာခိုင်နှုန်းအထိရှိနေပါတယ်။

Leave a Reply

*