ဖားကန့်မြို့တွင် စစ်တပ်ထောက်ခံသူများကို လက်နက်ထုတ်ပေး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံသူအချို့ကို ဩဂုတ်လ ၁၉ ရက်နေ့က မြို့မရပ်ကွက်ရှိ ဗျူဟာကုန်းတွင် ခေါ်ယူခဲ့ကာ လက်နက်များထုတ်ပေးမှုရှိခဲ့ကြောင်း သိရပါတယ်။

ထိုခေါ်ယူတွေ့ဆုံမှုတွင် အာဏာသိမ်းစစ်ကောင်စီကို ထောက်ခံအားပေးနေတဲ့ ကြံ့ခိုင်ရေးပါတီဝင်များနဲ့ စစ်မှုထမ်းဟောင်းများကို လက်နက်ငယ်တစ်ခုစီထုတ်ပေးခဲ့ကာ နွေဦးတော်လှန်ရေးတွင် ပါဝင်သူများကို စုံစမ်းပြီးသတင်ပေးဖို့ ညွန်ကြားမှုတွေ ရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

ကချင်ပြည်နယ်ရှိ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ညွန်ကြားချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကာ ထိုတွေ့ဆုံမှုတွင် အယောက် ၅၀ ကျော် ပါဝင်ခဲ့သလို ထိုထဲတွင် ကချင်မျိုးနွယ်စုအချို့ ပါဝင်နေတာကြောင့် ကချင်လူမျိုးအချင်းချင်း သွေးကွဲစေမှုတွေ မရှိစေဖို့ သတိကြီးစွာဖြင့် တော်လှန်ရေးကို လုပ်ဆောင်ကြဖို့ သတင်းပေးသူက ပြောပါတယ်။

Leave a Reply

*