ဖားကန့်ဒေသမှာ အိမ်လေးလုံးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့

ဖားကန့်မြို့နယ် မော်မောင်းလယန်ကျေးရွာအနီးရှိ တောင်ပြိုမှော်မှာ ဩဂုတ်လ ၁ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တာကြောင့် လူနေအိမ် ၄ လုံး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။

တောင်ပြိုကျေးရွာရှိ ဦးထွန်းအေးနေအိမ်ရှိ ကနေ စတင်ပြီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ နဘေးအိမ် ၃ လုံးလည်း ဆက်စပ်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပါတယ်။

တောင်ပြိုကျေးရွာက လူမျိုးပေါင်းစုံနေထိုင်ကာ စီးပွားရှာဖွေနေတဲ့နေရာဖြစ်ကာ အများစုကတော့ ရခိုင်လူမျိုးတွေဖြစ်ကြကာ နေအိမ်တစ်ခုနဲ့တစ်ခု နီးကပ်လွန်းတာကြောင့် မီးလောင်ကျွမ်းရင်ကူးစက်ဖို့လွယ်ကူစေပြီး အိမ်ထောင်ပစ္စည်းများ ထုတ်ယူနိုင်ခြင်းမရှိခဲ့ကြောင်း သိရှိရပါတယ်။

“မီးသတ်ဌာနနဲ့လည်း ဝေးလွန်းတော့ မီးကိုအမြန်ဆုံးမငြိမ်းသတ်နိုင်ခဲ့ဘူး ကုမ္ပဏီတွေကလည်း ကူညီပြီးငြိမ်းပေးပေမယ့် မီးကများပြားတော့ အားလုံးပါကုန်တယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်မှာတော့ မီးဘေးသင့်သူများကို ဒေသခံများက ကူညီနေကြကာ မီးလောင်ကျွမ်းမှုနဲ့သက်ဆိုင်ပြီး လောင်ကျွမ်းမှုစတင်ခဲ့တဲ့အိမ်ရှင်ကတော့ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ကျန်ရှိနေတဲ့ အမေအိုကို ဒေသခံ ရဲတပ်ဖွဲ့က ခေါ်ဆောင်ထားကြောင်း သိရှိရပါတယ်။

Leave a Reply

*