ဖားကန့်မြို့နယ်ရှိ တောင်းကော့ကျေးရွာအနီးတွင် ရေမဆေးကျောက်ရှာသူ အမျိုးသားနှစ်ဦး ဇွန်လ ၁ ရက်နေ့မနက် ၁၀နာရီဝန်းကျင်က မြေပြိုမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရတယ်လို့ သိရသည်။ သေဆုံးသွားသူတစ်ဦးက တနိုင်းမြို့ဒေသခံ ဆမားဇော်တိန် အသက် (၂၉)နှစ်နှင့် ဆဒုံဒေသခံ ရှင်ချိန် အသက် (၂၄) နှစ်တို့ နှစ်ဦးတို့ဖြစ်ကာ လုပ်ကွက်ဟောင်းတစ်ခုတွင် ကျောက်ရှာဖွေနေစဉ်အတွင်း မြေသားကမ်းပါးပြိုကျလာတာကြောင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်ဟု ပြောကြသည်။ သေဆုံးသွားသူ နှစ်ဦးရဲ့အလောင်းများကို ဖားကန့် မော်ရှန်ဆေးရုံကို လွဲပြောင်းထားကြောင်း သိရှိရသည်။