ဖားကန့်ဒေသတွင် ကျောက်မျက်ဈေးကွက်နေရာဖွင့်လှစ်နိုင်ရေး အသင်းနှစ်သင်းတွေ့ဆုံ

ဖားကန့်မြို့နယ် ကချင်ရိုးရာယဉ်ကျေးမှုအသင်းနဲ့ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့ ဇန်နဝါရီ ၂၆ ရက်နေ့က ဖားကန့် ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံးဝင်းအတွင်း ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ဆောင်ဖို့ ဆွေနွေးတိုင်ပင်ခဲ့ကြပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာတော့ ကျောက်မျက်ရောင်းဝယ်ရေးဈေးကွက်လုပ်ဆောင်ဖို့ ပြင်ဆင်ရာတွင် ယဉ်ကျေးမှုအသင်းအနေဖြင့်လည်း ပညာပေးခြင်းဖြင့် အားဖြည့်ပေးဖို့နဲ့ အခြားသောလိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ဖားကန့်မြို့နယ် ကချင်ရိုးရာယဉ်ကျေးမှုအသင်း ဥက္ကဌ မရန်ဇော်ရှန်လွမ့် ကပြောပါတယ်။

“ကျောက်မျက်ဈေးကွက်ဖွင့်လှစ်ဖို့ ပြင်ဆင်နေခြင်းက ကချင်လူမျိုးများ ဖားကန့်ဒေသမှာ နေ့ညမပျက် ကျောက်ရှာဖွေ အလုပ်လုပ်ကိုင်နေတဲ့သူတွေများစွာရှိတာကြောင့် ကျောက်ဈေးကွက်ဖွင့်လှစ်ပေးခြင်းဖြင့် အများပြည်သူက သူတို့ရှာဖွေထားနိုင်တဲ့ ကျောက်မျက်များကို ဈေးကွက်ထဲ လွတ်လပ်စွာရောင်းဝယ်မှုပြုလုပ်လာနိုင်မှာဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့အရာဖြစ်လာမယ်လို့ မြင်မိပါတယ်” လို့ သူကပြောပါတယ်။

ကျောက်မျက်ရောင်းဝယ်တဲ့ ဈေးကွက်ကို ဖားကန့်မြို့နယ် ယူမာရပ်ကွက်တွင် ဖွင့်လှစ်သွားမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုလျော့နည်းသွားနိုင်ချိန် မတ်လတွင် ဈေးကွက်ကို တရားဝင်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

Leave a Reply

*