ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များ ပြန်လည်စတင်ဖို့ပြင်ဆင်နေ

ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်အချို့ကို ဒီဇင်ဘာလကစ၍ ပြန်လည် လုပ်ကိုင်ရန်ပြင်ဆင်နေကြောင်း သိရပါတယ်။

ဒီကျောက်စိမ်းလုပ်ကွက်များပြန်ဖွင့်ရန် တရားဝင် အခွင့်ပေးခြင်းမရှိသေးသော်လည်း ကုမ္ပဏီတချို့မှာ အခွင့်ရပြီး ပြန်လည်လုပ်ကိုင်ရန် စီစဉ်နေပြီဖြစ်ကာ ဖားကန့်ဒေသအတွင်း ယခုအချိန်တွင် Covid-19  ရှိနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေးများ တရားဝင်ဖွင့်ခြင်းမရှိသေးကြောင်း ဖားကန့်ဒေသခံ ဆရာ ဒါ့ရှီနော်လော်န်ကပြောပါတယ်။

ဒီ ကျောက်စိမ်းလုပ်ကွက်တွေကို ဒီဇင်ဘာလဆန်းမှစ၍ ပြန်လည်လုပ်ကိုင်ရန် မြန်မာအစိုးရမှပြောကြားချက်ရှိသော်လည်း ဖားကန့်ဒေသအတွင်း Covid-19 လူနာများ တစ်နေ့ထက်တနေ့ပိုများလာသည်ဖြစ်ကာ နိုဝင်ဘာလ 29 ရက် နေ့လယ် ၃ နာရီအထိ ရောဂါပိုးရှိ လူနာ ၂၇ဦး ရှိသောကြောင့် ဒီဇင်ဘာ 15 ရက်နေ့အထိ အခြေအနေကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*