ဖားကန့်ဒေသတွင် သွားလာနေတဲ့ပြည်သူများကို အာဏာသိမ်းစစ်တပ်မှ ယခင်ကထက် စစ်ဆေးမေးမြန်းမှုကို အပြင်းအထန်ပြုလုပ်နေကြောင်း ဒေသခံများကပြောကြပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲများ ပြင်းထန်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်များက ဖားကန့်ဒေသတွင်းရှိ ဈေးများနဲ့ တံတားထိပ်များတွင် ယခင်ကထက် ပိုမိုစစ်ဆေးမှုတွေ ပြုလုပ်လာတာကို တွေ့ရှိရကြောင်း သိရပါတယ်။
ထို့အပြင် စစ်ကောင်စီအဖွဲ့မှ နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေမှုတွေ စစ်ဆေးမေးမြန်းမှုတွေကို လုပ်ဆောင်တာတွေရှိနေကာ မသင်္ကာမှုဖြင့် ဖမ်းဆီးခံရသူများလည်း ရှိနေတာကြောင့် ဒေသတွင်း သွားလာသူများအနေဖြင့် သတိကြီးစွာ သွားလာကြဖို့ လိုအပ်ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။
ဖားကန့်ဒေသအချို့တွင်လည်း အာဏာသိမ်းစစ်တပ်မှ အချိန်အခါမဟုတ် လက်နက်ကြီး လက်နက်ငယ် ရမ်းသန်းပစ်ခတ်မှုတွေလည်းရှိနေတာကြောင့် ဒေသခံများ စိုးရိမ်နေကြရပါတယ်။