ဖားကန့်ဒေသတွင်း နေထိုင်သူများကို သွားလာကဒ်ထုတ်ပေး

ဖားကန့်မြို့နယ်ကို အိမ်တွင်းနေထိုင်ရေးအစီအစဉ် (Stay At Home) သတ်မှတ်ထားချိန် ပြင်ပထွက်ခွာရန် လိုအပ်ချိန် အမှတ်လက္ခဏာပြသနိုင်ဖို့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အိမ်ထောင်စုတစ်စုကို လက်မှတ်တစ်ခုစီ ဝေမျှခဲ့ပါတယ်။

အိမ်ပြင်ပထွက်ခွာခွင့်ကဒ်က Stay At Home ကာလ ရက်ပေါင်း (၁၄) ရက်အတွင်းအသုံးပြုနိုင်ဖို့ စက်တင်ဘာ ၂၂ ရက်နေ့ကတည်းက အခကြေးပေးစရာမလိုအပ်ပဲ ထုတ်ဝေပေးခဲ့ခြင်းဖြစ်ပါတယ်။

“အိမ်ထောင်တစ်ခုက လူတွေအကုန်လုံးကို အိမ်ပြင်မထွက်နေစချင်လို့ အခုလိုလုပ်ဆောင်ကြတာပါ၊ အဲ့ဒါကြောင့် အရေးတကြီးကိစ္စရှိရင် ဒီကဒ်ကိုင်ဆောင်ပြီး ဈေးဝယ်ထွက်တာတို့၊ ဆေးဝယ်တာတို့အတွက် လိုအပ်ရင်အသုံးပြဖို့ ထုတ်ပေးတဲ့ကဒ်ဖြစ်ပါတယ်” လို့ ဖားကန့်ဒေသ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အတွင်းရေးမှူး ဆရာဒါ့ရှီနော်လွန် ကပြောပါတယ်။

ဖားကန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉) ဦးရှိပြီး (၄)ဦးကတော့ ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကာ အိမ်တွင်းစောင့်ကြည့်မှုပြန်လည် ခံယူနေကြပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာတော့ စက်တင်ဘာ ၂၄ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၈၃၄၄) ဦးအထိ ရောက်ရှိနေပြီဖြစ်ကာ ဆေးရုံဆင်းခွင့်ရရှိသူကတော့ (၂၃၈၁) ဦးရှိပြီး သေဆုံးလူနာကတော့ (၁၅၀) ဦးအထိရောက်ရှိသွားပြီဖြစ်ပါတယ်။

Leave a Reply

*