ဖားကန့်ဒေသတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်များ ဆက်လက်ပိတ်ပင်

ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်များကို၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ပိတ်ပင်ထားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရထံမှ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ယခုလို ရက်တိုးပိတ်ပင်သည့် အကြောင်းအရင်းမှာ ဖားကန့်ဒေသအတွင်း covid-19 ကပ်ရောဂါကူးစက်မှုများပြားလာသဖြင့် ကူးစက်မှုများလျှော့နည်းလာအောင် ကချင်ပြည်နယ်အစိုးရမှ ကျောက်စိမ်းလုပ်ကွက်များကို တရားဝင်ပိတ်ထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

“ဒီ ကျောက်စိမ်းလုပ်ကွက်‌တွေပြန်ဖွင့်ဖို့ ဒီဇင်ဘာလ လဆန်းပိုင်းမှာ မြန်မာအစိုးရကနေ ပြောကြားချက်တွေရှိပေမယ့် ဖားကန့်ဒေသမှာ covid-19ရောဂါကူးစက်နှုန်း တရက်ထက်တရက် အရမ်းများလာတာကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့အထိအခြေအနေစောင့်ကြည့်ပါမယ်။ အခုချိန်က နေ့တိုင်းလိုလို ကူးစက်မှုများတာကြောင့် ကျောက်စိမ်းလုပ်ကွက်တွေကို တရားဝင်လုပ်ခွင့်တော့မရှိသေးပါဘူး “လို့ ဦးဒါ့ရှိနော်လော် ကပြောပါတယ်။

ဖားကန့်ဒေသကျောက်စိမ်း လုပ်ကွက်များကို ၂၀၂၀ ဇူလိုင်လ ကဖြစ်ပျက်ခဲ့တဲ့ မြေဇာပုံပြိုကျမှုတွင် လူအများအပြားသေဆုံးမှုကြောင့်ပိတ်ထားပြီးနောက် ပွင့်လင်းရာသီရောက်လာချိန်တွင်လည်း covid-19 ကပ်ရောဂါကြောင့် ဆက်လက်ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*