ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့

ှမ်းပြည်နယ်မြောက်ပိုင်း (Kachin Sub-State) ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၄) တပ်ရင်း (၈) ကွက်ခိုင်မြို့နယ် ကားလိုင်ကျေးရွာ တပ်ခွဲ (၁) မှ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်စဉ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှု၊ တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အဖြစ် ဇွန်လ ၂၆ ရက်နေ့ ၃ နာရီခွဲခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးများက လွန်ခဲ့သော ၂ လတာကာလအတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ဆောင်စဉ် ဖမ်းဆီးရရှိတာဖြစ်ပြီး ဘိန်းဖြူခွက် (၁၇၂) ခွက်၊ ရာမ အလုံးရေ (၈၅၆) လုံးနဲ့ အခြားသောပစ္စည်းများလည်း ပါဝင်ပါတယ်၊

မူယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီးရမိထားတဲ့ ရောင်းဝယ်သူများကို လက်ရှိမှာတော့ အချုပ်ခန်းထဲတွင် ချုပ်နောင်ဖမ်းဆီးထားကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖမ်းဆီးရမိတဲ့ တရုတ်လူမျိုး နှစ်ဦးကို မြို့နယ် မူးယစ်ဆေးဝါးနှိမ်နှင်းရေးရုံးခန်းမှာ ထိန်းသိမ်းထားတယ်၊ သူတို့နှစ်ဦးရဲ့ မူးယစ်ဆေးဝါးက ပမာဏာများတာကြောင့် အမှုကို တိုင်းဌာနချုပ်ကနေ ဖြေရှင်းသွားမှာဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားပါတယ်” လို့ သူကပြောပါတယ်။

ပက်ဂျဆန် (မူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့ ) မှ “ဘဝသစ်” ခေါင်းစဉ်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းလုပ်ဆောင်ပေးနေကာ သုံးစွဲသူ (၄၀) ကျော်ကို မူးယစ်ဆေးဝါးဖျက်တောက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင်လည်း ယခုလို ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးမှုတွေလုပ်ဆောင်ခဲ့ကာ ဆက်လက်ပြီးတော့လည်း ကချင်တမျိုးသားလုံးရဲ့ ဘုံရန်သူတစ်ခုဖြစ်တဲ့ မူးယစ်ဆေးဝါးကို နှိမ်နှင်းမှုတွေ အင်တိုက်အားတိုက်ဖြင့် လုပ်ဆောင်သွားဖို့ စီမံထားကြောင်း သိရပါတယ်။

Leave a Reply

*