ပြည်သူ့စစ်ရဲ့လက်နက်များ အစိုးရတပ် သိမ်းဆည်း

သျှမ်းပြည်မြောက်ပိုင်း မုံကူဒေသအတွင်းနေထိုင်တဲ့ ဦးထန်ဆီ ဦးဆောင်တဲ့ပြည်သူ့စစ်တွေရဲ့ လက်နက်များကို ဇွန်လ ၅ ရက်နေ့ မနက် အစိုးရတပ် တပ်မ (၈၈)ကနေပြီး သိမ်းဆည်းသွားခဲ့ကြောင်းသိရပါတယ်။ ဦးထန်ဆီ ဦးဆောင်တဲ့ပြည်သူ့စစ်၊ ကွတ်ခိုင် ပြည်သူ့စစ်၊ မုံကူပြည်သူ့စစ်၊ မုံလွန် ပြည်သူ့စစ်တွေရဲ့ လက်နက်အားလုံးကို မြန်မာစစ်တပ် တပ်မ (၈၈) သိမ်းဆည်းခဲ့ကာ သိမ်းဆည်းတဲ့အထဲတွင် စာရင်းမပါရှိတဲ့ လက်နက်များလည်း ပါဝင်ကြောင်း သိရပါတယ်။ ဇွန်လ ၄ ရက်နေ့ကလည်း မြစ်ကြီးနား၊ ပန်ဝါ၊ ကန်ပိုင်တီ လီဒိုလမ်းပေါ်တည်ရှိတဲ့ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တွေ အကုန်လုံးကို ကချင်ပြည်နယ် နယ်လုံဝန်ကြီး နေလင်းထွန်းရဲ့ အမိန့်ဖြင့် ရုပ်သိမ်းလိုက်ပေမယ့် ယခုလို လက်နက်သိမ်းဆည်းမှုကိုတော့ ဘာ့ကြောင့် သိမ်းဆည်းတယ်ဆိုတာကို မသိရှိရသေးပါဘူး။

Leave a Reply

*