ပြည်သူ့စစ်များ ရိုက်နှက်ခြင်းကြောင့် ပြည်သူတစ်ဦးဒဏ်ရာရရှိ

ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ရှထိုးဇွပ်ကျေးရွာမှာ ပြည်သူတစ်ဦးကို ပြည်သူ့စစ်များက လူငယ်တစ်ဦးကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။

ပြည်သူ့စစ်များရဲ့ ရိုက်နှက်ခြင်းခံခဲ့ရသူက ဂျထုဇွပ်ကျေးရွာနေ ဦးလမိုင်ဘရန်နူးနဲ့ ဒေါ်ဂျဲခွမ်း ဂျာဆန်တို့ရဲ့သား မောင်ADလမိုင်ထွယ်ဘောက် အသက်(၂၀) အရွယ်ဖြစ်ကာ သူငယ်ချင်းများနဲ့ ကျေးရွာအတွင်း လမ်းပြုလုပ်ဖို့ သဲများသယ်ဆောင်လာစဉ် ဂိတ်စောင့်နေတဲ့ ပြည်သူ့စစ်အဖွဲ့များဖြင့် အချင်းများကာ ရိုက်နှက်ခြင်းခံရရကြောင်း သိရှိရပါတယ်။

Credit to Original Uploader

“သူတို့က သုံး လေးယောက်ရှိတယ်၊ လမ်းပြုလုပ်ဖို့ သဲသွားသယ်ပြီး ပြန်လာချိန်မှာ ပြည်သူ့စစ်တွေစောင့်နေတဲ့ ဂိတ်မှာ ကြိုးတစ်ချောင်းက ကားမှန်ကို သွားညှိနေချိန် အစောင့်တွေက အော်ပြောတာပေါ့ အဲ့အချိန် ယာဉ်မောင်းက သစ်သားချောင်းကိုင်ပြီး ဆင်းလာပြီးတော့ နင်တို့ဘာဖြစ်ချင်တာလဲလို့ ပြန်ပြောလိုက်တာ အဲ့မှာ ရန်ဖြစ်တော့တာပဲ ရိုက်နှိက်ခံလိုက်ရတာပေါ့” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြည်သူ့စစ်အဖွဲ့ရဲ့ ရိုက်နှက်ခြင်းကြောင့် ဝမ်းဗိုက်နဲ့ ဦးခေါင်းပိုင်းတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ သွေးထွက်မှုများပြားခြင်းကြောင့် စိုးရိမ်ရသဖြင့် မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရတာပဲဖြစ်ပါတယ်။

လမိုင်ထွယ်ဘောက် ရိုက်နှက်ခံရခြင်းနဲ့သက်ဆိုင်ပြီး ဖခင်ဖြစ်သူက ယခုလိုအဖြစ်အပျက်ထပ်မဖြစ်ပွားစေဖို့ သက်ဆိုင်ရာများကို တိုင်ကြားထားကာ ကျူးလွန်သူများကို အရေးယူပေးဖို့ မြောက်ပိုင်းတိုင်းဌာနချုပ်ကို တောင်းဆိုထားပါတယ်။

Leave a Reply

*