မတ်လ(၁၀)ရက်နေ့ နံနက်၁၁း၂၀မှ၁၁း၅၅ နာရီအချိန်အတွင်းကချင် ပြည်သူ့စစ်(MHH) များနေရာယူထားသော နမ်မနာတံတားဘက်ခြမ်းသို့ မြန်မာစစ်တပ်မှအင်အားအလုံးအရင်းဖြင့်ချီတက် လာသောကြောင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ ဆက်လက်၍ ယင်းနေ့နေ့လည် ၁း၀၀မှ၁း၃၀နာရီအတွင်း ပူတာအို မြို့နယ်၊ ဆွမ်ပီရန်ကျေးရွာနှင့် အင်ဆိုင်းရန်ကျေးရွာကြားတွင် ကေအိုင်အေတပ်ရင်း(၇)နှင့် မြန်မာစစ်တပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရှေ့တန်းသတင်းများမှသိရှိရသည်။