ပူတာအိုဒေသခံများရဲ့ မြေ ၂၆ ဧကကျော်ကို လမ်းပြုလုပ်ဖို့ သတ်မှတ်ခံရ

ပူတာအိုမြို့နယ်၊ ကောင်ကထောင်ကျေးရွာနဲ့ လေယာဉ်ကွင်း ရပ်ကွက်ကြားရှိ ဒေသခံပြည်သူများ လယ်ယာလုပ်ကိုင်စားသောက်နေတဲ့ မြေနေရာကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က လမ်းဖောက်လုပ်ဖို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် ဒေသခံများရဲ့မြေနေရာကို သတ်မှတ်ရယူသွားကြောင်း သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ပေ ၁၀၀ ကျယ်ဝန်းတဲ့ ကားလမ်းဖောက်လုပ်ဖို့ လုပ်ဆောင်စဉ် ဒေသခံ အိမ်ထောင်စု ၁၆ စုရဲ့ မြေ ၂၆.၃၃ ဧကကို သိမ်းဆည်းရယူသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ စိုက်ပျိုးရေးလုပ်ဆောင်ထားတဲ့အချိန်တွင် ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ လမ်းဖောက်လုပ်ခြင်း ပြုလုပ်ဖို့ ထည့်သွင်းလိုက်တာကြောင့် ဒေသခံပြည်သူများက ကန့်ကွက်နေကြပါတယ်။

ဥပဒေပိုင်းဆိုင်ရာအရ ကွဲပြားနေတာကြောင့် ဒေသခံများက ကန့်ကွက်နေကြပေမယ့် အာဏာသိမ်းစစ်ကောင်စီအုပ်စုကတော့ လုပ်ငန်းဆက်လက်လုပ်ဆောင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

လွန်ခဲ့သောအချိန်တွေတုန်းကလည်း နေအိမ်များကို ရွေ့ပြောင်းခိုင်းမှုတွေရှိခဲ့ကာ နစ်နာကြေးပေးခြင်း၊ နေအိမ်ပြန်လည်တည်ဆောက်ပေးခြင်းတွေမရှိတာကြောင့် ယခုတစ်ကြိမ် လယ်ယာများပေါ် လမ်းဖောက်လုပ်ခြင်းတွင်လည်း နစ်နာကြေးပေးဖို့ အလားအလာရှိမနေကြောင်း ဒေသခံများက ပြောဆိုကြပါတယ်။

Leave a Reply

*