ပုံစံမျိုးစုံဖြင့် ကချင်ပြည်နယ်လူထုက အာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်

ကချင်ပြည်နယ်တဝှမ်း စစ်အာဏာရှင်စနစ်ကို အလိုမရှိ သပိတ်မှောက်မှုတွေကတော့ နည်းမျိုးစုံဖြင့် နေ့စဉ်လုပ်ဆောင်နေရာမှာ ယနေ့ မတ်လ ၁၈ ရက်နေ့မှာတော့ ဗန်းမော်မြို့တွင် အသံတိတ်သပိတ်ဖြင့် ပြည်သူတစ်ရပ်လုံး တစ်ဦးတစ်ယောက်လေမျှ လုပ်ငန်းခွင်သွားခြင်း၊ လမ်းပေါ်ထွက်ခြင်း၊ ဈေးရောင်း ဈေးဝယ်ခြင်းများမပြုလုပ်ပဲ မြို့လုံးကျွတ်တိတ်ဆိတ်မှုဖြင့် အသံတိတ်သပိတ်မှောက်ခဲ့ကြပါတယ်။

ထို့အပြင် မြစ်ကြီးနား၊ မိုးကောင်းနဲ့ ဟိုပင် ဒေသခံများကလည်း အမှိုက်ကောက်ခြင်းဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ သပိတ်မှောက်ခဲ့ကြ မိုးမောက်မြို့ကတော့ ပြောက်ကြားသပိတ်ဆင်နွဲခဲ့ပြီး ကချင်ပြည်ရှိမြို့နယ်တိုင်းတွင် ပုံစံမျိုးစုံဖြင့် စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အလိုမရှိကြောင်း ကန့်ကွက်ဆန့်ကျင်သပိတ်မှောက်ခဲ့ကြပါတယ်။

Leave a Reply

*