ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မလိကျေးရွာသားများရဲ့ ပြောင်းစိုက်ခင်းတွင် ပိုးမွှားကျလာတာကြောင့် ပြောင်းခင်းပျက်စီးမှုများကြုံတွေ့နေရသလို ချေးငွေပေးဆပ်ဖို့လည်း အခက်အခဲကြုံတွေနေကြရပါတယ်။
ပြောင်းခင်းရှိ ပြောင်းအများစု ပိုးမွှားကိုက်ခြင်းခံခဲ့ရသလို အချို့သောအရာများကို ခူးနိုင်ပေမယ့် အထဲတွင်း ပျက်စီးမှုတွေလည်း ရှိနေတာကြောင့် ယခုနှစ်စိုက်ပျိုးသူ ဒေသခံအများစုက ဆုံးရှုံးမှုနဲ့ရင်ဆိုင်နေရတာကြောင့် စိတ်သောက ရောက်နေကြရပါတယ်။’
မလိကျေးရွာနဲ့နီးစပ်တဲ့ဒေသအများစုကလည်း ပြောင်းစိုက်ခင်းဖြင့် ဝမ်းရေးဖြေရှင်းနေကြတာဖြစ်ပြီး ယခုနှစ်အတွက် ဒေသခံများရဲ့ ပြောင်းအများစု ပိုးမွှားကြောင့် ပျက်စီးခြင်းခံခဲ့ရသလို တဖက်တွင်လည်း ကိုဗစ်-၁၉ ကြောင့် တရုတ်ဘက်ကို ပြောင်းတင်ပို့ဖို့လည်း အခက်အခဲကြုံတွေ့နေရပါတယ်။