ကချင်လွတ်မြောက်ရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဌာန ပါတီကော်မတီမှ ဦးဆောင်ပြီး ပါတီဝင်များကို ကဗျာရေးစပ် ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။ ကဗျာရေးစပ်ပြိုင်ပွဲတွင် စိတ်ဝင်စားတဲ့ ပါတီဝင်မည်သူမဆို ယှဉ်ပြိုင်နိုင်မှာဖြစ်ပြီး စက်တင်ဘာ (၂၀) ရက်နေ့ နောက်ဆုံးထားပြီး ကဗျာများကို ကောက်ခံသွားမှာပဲ ဖြစ်ပါတယ်။ ပါတီရဲ့လှုပ်ရှားမှုတစ်ခုအဖြစ် ပါတီဝင်များရဲ့ လုပ်ဆောင်ခဲ့မှုတွေ အတွေ့အကြုံတွေကို လက်ခံရယူနိုင်ဖို့ ရည်ရွယ်လျှက် “ပါတီဝင်တစ်ဦးရဲ့ စွမ်းဆောင်ရည်” ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်စေမှာဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးဌာန ပါတီကော်မတီ အတွင်းရေးမှူး ဦးမရန်အောင်ဂွမ်း ကပြောပါတယ်။ ကဗျာပြိုင်ပွဲ ဆုရရှိသူများကိုတော့ အောက်တိုဘာလ (၂၅) ရက်နေ့ ကေအိုင်အို အထိမ်းအမှတ်နေ့တွင် ချီးမြှင့်သွားမှာဖြစ်ကာ ယခုလို ပါတီလှုပ်ရှားမှုအဖြစ်လုပ်ဆောင်ခြင်းက ပထမဦးဆုံးဖြစ်ပြီး လာမည့်နှစ်များတွင်လည်း အခြားသောနည်းလမ်းများဖြင့် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။